မတ္တရာမြို့နယ်ဆည်တော်ကြီးရေလှောင်တမံမှ ရ TikTok動画保存 (ロゴなし MP4) - TokWave TikTok Video & Audio Hub

ウォーターマーク(ロゴ)なしで မတ္တရာမြို့နယ်ဆည်တော်ကြီးရေလှောင်တမံမှ ရေများထိန်းညှိလွှတ်ထာ のTikTok動画をフルHD MP4保存できます。

မတ္တရာမြို့နယ်ဆည်တော်ကြီးရေလှောင်တမံမှ ရေများထိန်းညှိလွှတ်ထား မတ္တရာ ဩဂုတ် ၆ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးရေလှောင်တမံအထက်ပိုင်းဒေသများမှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေများဝင်ရောက်လာသည့်အတွက် ကန်ရေပြည့်မှတ်သို့မရောက်မီကြိုတင်၍ ဆည်ရေပိုလွှဲ ရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ထားကြောင်းသိရသည်။ ဆည်အတွင်း ဩဂုတ်၅ရက် ညနေ ၄ နာရီက ကန်ရေပြည့်မှတ် ၄၁၉ ဒသမ ၅ သို့ ရောက်ရှိခဲ့ပြီး ဩဂုတ် ၆ ရက် နံနက်၁၀နာရီ တိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ ရေအမှတ်မှာ ၄၁၉ ဒသမ ဝ ပေ သို့ ရောက်ရှိနေပြီး ကန်ရေပြည့်မှတ်အောက်သို့ လျော့ကျလျက်ရှိကြောင်း သိရသည်။ ဆည်တော်ကြီးရေလှောင်တမံတွင် ရေထိန်းတံခါး(၇)ပေါက်အား တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား နှစ်ပေစီ၊ ရေတံခါးနံပါတ် (၁)နှင့် (၇)တို့အား တစ်ပေစီ ထုတ်လွှတ်ထားကြောင်းသိရသည်။ အဆိုပါ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးဘေးဝဲယာရှိ အထက်တောင်ကိုင်း‌ကျေးရွာ၊ ကျွဲကျ‌ကျေးရွာ၊ ရှားစေးချက်ကျေးရွာနှင့် တံငါ(မြောက်)ကျေးရွာတို့ရှိ အနိမ့်ပိုင်းနေရာများတွင် ရေများဝင်ရောက်လျက်ရှိပြီး တံငါ(တောင်)ကျေးရွာ မန္တလေး-မိုးကုတ်ကားလမ်းမိုင်တိုင်အမှတ် ၂၅/၄နှင့် ၂၅/၆ ကြားတွင် နံနက် ၆နာရီခွဲမှစတင်၍ ကားလမ်းမပေါ်သို့ ၆ လက်မခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။ မတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအဖွဲ့(မတ္တရာမြို့နယ်)တို့တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အသင့်စုဖွဲ့ထားကြောင်း သိရသည်။ #97media #97medianewsangency #tiktok2026 #trending #thank4youdo

If download does not start automatically, right click button above and select "Save Link As..."